ဖေဖော်ဝါရီ လမှာကတည်းက...........ပါ  

Posted by KojokeR

                အိမ်ထောင်သည် ယောက်ျားတစ်ယောက် နိုင်ငံခြားမှ သင်္ဘော ဆိုက်ကပ်ကပ်ချင်း အိမ်သို့ အမောတကောနှင့် ပြန်လာသည် ။ အိမ်သို့ ပြန်ရောက်ရောက်ချင်း မိန်းမနှင့် တန်းတွေ့တာမို့ အပျော်တွေ စုပုံသွားရသည် ။ "" မိန်းမရေ သားလေးရော "" ၊ "" ကျောင်းက ပြန်မရောက်သေးဘူးလေ ယောက်ျားရယ်၊ ဘာလို့လဲ"" ၊ ""ဘာမှ မဟုတ်ပါဘူးကွာ အတိုးချပြီး ချစ်ချင်လို့ပေါ့ "" ၊
"" အင်းပါ ယောက်ျားရယ် ၊ချစ်...ချစ် "" ။ မိန်းမထံမှ ခွင့်ပြုချက်ရသည်နှင့် တစ်ပြိုင်နက် စွေ့ကနဲ့ ကောက်ချီက အိပ်ရာထဲသို့ ခေါ်သွားသည် ။ ထို့နောက် "" မိန်းမ တို့တွေခုလို မချစ်ရတာ တစ်နှစ်တောင် ကျော်ပြီနော် "" ၊ "" အင်းလေ ယောက်ျားရယ် "" ။ "" မိန်းမရေ "" ၊ "" ဟင် "" ၊ "" ဒါက ဇန်နဝါရီလ အတွက် ......အင့်၊ "" ၊"" ဒါက ဖေဖော်ဝါရီလ အတွက် ....အင့်၊ ""       

"" အိုး........"" ၊ "" ဒါက မတ်လ အတွက် ...အင့်၊"" "" ရှင်ရယ် လတွေက ကုန် မကုန်နိုင်ဘူး "" "" လွမ်းလွန်း သတိရလွန်းလို့ပါ မိန်းမရယ် "" ဒီလိုနဲ့ သူတို့ ချစ်စခန်းဖွင့်လာတာ ဘယ်နှစ်နှစ် ဘယ်နှစ်လ လွန်မြောက်လာလဲတော့ မသိ ၊ ဆန္ဒတွေပြည့်ဝလို့ အနားယူနေတုန်း အသံကြားလို့ လှည့်ကြည့်မိကာမှ "" ဟင် ....သား......."" ""ဘယ်တုန်းက ပြန်ရောက်လဲ ဟင်..... ကြကြာပြီလားးးးးးး"" ၊
""ဟင့်အင်းး မကြာသေးပါဘူး ၊ သား ဖေဖော်ဝါရီလကတည်းက ရောက်နေတာ........ပါ""


>>>ဆက်ဖတ်ရန်>>> >>
ဆက်ဖတ်ရန်>>>

လူကြုံ  

Posted by KojokeR

          လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် မော့်စကို မှ နယူးယောက်သို့ ရောက်လာသည်။ အရက်ဘား စားသောက်ဆိုင် တစ်ခုသို့ ဝင်ပြီး ဆိုင်မေနေဂျာကို တီးတိုးမေးသည်။

""ဒီဆိုင်မှာ မေရီစမစ် ဆိုတဲ့ အမျိုးသမီးတစ်ဦး အလုပ်လုပ်နေတယ်လို့ ကြားသိရပါတယ် ခင်ဗျာ ၊ သူမ ဘယ်မှာလဲ ဆိုတာ ...........တဆိတ်လောက် ညွှန်းပေးနိုင်မလား ခင်ဗျာ ။""

မန်နေဂျာက ဘားအတွင်းမှ ကောင်တာဘေးတွင် ရပ်နေသော ခပ်ချောချော အမျိုးသမီးတစ်ဦးကို ညွှန်ပြလိုက်လေသည် ။ ထိုသူလည်း မိန်းကလေး အနားကို လျှောက်သွားပြီး  ပြောသည်။

"" ခင်ဗျားဟာဖြင့် အင်မတန်ချော အင်မတန်လှတဲ့ မိန်းကလေးပါပဲလား ၊ ကျွန်တော်နဲ့ အတူ လိုက်ခဲ့ပါလား ၊ ဒေါ်လာငါးရာ ပေးမယ်လေ့ ဘယ်လို သဘောရသလဲ ။

မကြာသောအချိန်ခဏအတွင်းမှာပင် ကောင်မလေးဆီမှ သဘောတူညီမှု ရရှိပြီးနောက် သူတည်းခိုရာ ဟိုတယ်သို့ ခေါ်သွားသည် ၊ ထို့နောက် ချစ်တင်းနှောကြသည်ပေါ့

နောက်တစ်နေ့ ထိုလူ မနေ့က ဘားကိုပင် သွားကာ ကောင်မလေးကို  ဒေါ်လာ ငါးရာဖြင့် ကမ်းလှမ်းသည်။ ကောင်မလေးကလည်း မငြင်း ၊မနေ့က အတိုင်းပင်

သုံးရက်မြောက်နေ့ ရောက်ပြန်တော့လည်း ထိုလူ ယခင်နေ့များ အတိုင်း ကမ်းလှမ်းသည် ၊ ကောင်မလေး သဘောတူကာ လက်ခံမြဲ ဖြစ်သည် ။ ထိုနေ့မှာ့

ဟော်တယ်အခန်းထဲတွင် ကောင်မလေးက ထိုယောက်ျားကို မေးသည်။"" အကိုကြီးက ပိုက်ဆံ သိပ်ပေါတာပဲနော့် ။ ဘယ်က လာတာလဲ ဟင် ""


""မော်စကိုက လာတာလေ""

""ဟယ် ဟုတ်လား ၊ ကျွန်မ ရဲ့ အဒေါ်တစ်ယောက်လည်း မော်စကိုမှာ နေတာရှင့် ၊ အကိုကြီး သိမယ်ထင်တယ်""

""အေ့း့  "မင်းကို ဒေါ်လာ ၁၅၀၀ ပေး,ပေးပါ"လို့သူပဲ လူကြုံ ပါးခိုင်းလိုက်တာလေ""
>>>ဆက်ဖတ်ရန်>>> >>
ဆက်ဖတ်ရန်>>>

ဟင့်အင်း ဟင့်အင်း .............  

Posted by KojokeR

စာလုံးအကြီးပြောင်းရန် | စာလုံးအသေးပြောင်းရန်
မကြာသေးမီကမှ ပူပူနွေးနွေးလက်ထပ်လိုက်သော ရေတပ်သားကို အလွန်ဝေးကွာလွန်းသည့် ကျွန်းတစ်ကျွန်းဆီသို စစ်အမှုထမ်းဆောင်ရန် အမိန့်ချ စေလွှတ်လိုက်သည်။

တစ်လပင် ပြည့်အောင် မကြာလိုက်ပါ၊ မိန်းမဖြစ်သူအား လွမ်းဆွတ်လာသည်။ သို့နှင့် မိန်းမဖြစ်သူထံ ချစ်သဝန်လွှာ ရေးသား ပို့လိုက်သည်။

""အချစ်ကလေးရေ့မောင်နဲ့ အချစ်တို့ ဝအောင်မချစ်ရသေးခင် အကြာကြီးခွဲနေရတော့မယ်ကွယ်။ မောင်..အချစ်ကလေးကို အရမ်းလွမ်းတာပဲ.........ဘယ်လိုလုပ်ရမလဲ......

အချိန်တွေကို မြန်မြန်ကုန်အောင်လည်း ဘယ်လို လုပ်ရမလဲ မသိဘူး။အပြင်းပြေ.....လိုက်စားဆော့ကစားစရာလည်း ဘာမှ မရှိဘူ့းအချစ်ရယ့်ပြီးတော့

ဒီကျွန်းပေါ်က ဒေသခံ တိုင်းရင်းသူ အချောအလှလေးတွေရဲ့ ဆွဲဆောင်မှုနောက်ကို မလိုက်မိအောင် ကြိုးစားရတာလဲ တကယ်ကို မောလှပြီကွယ့်

အဲ့ဒီ့တော့ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုခုကို အာရုံစိုက် အချိန်ပေး လုပ်နေရင် ကောင်းမလားလို့ စဉ်းစားမိတယ် အချစ်ရယ် ။အဲ့ဒါဆိုရင်တော့

ဒီက ကောင်မလေးတွေဆီ စိတ်မရောက်လောက်ဘူးလို့ ထင်မိတယ်၊ ကိုယ် ဘာလုပ်ရမလဲဆိုတာ ကူညီစဉ်းစားပေးပါဦ့းချစ်တဲ့
မောင်

ထိုစာကို ရသောအခါ မိန်းမဖြစ်သူ အမျိုးသမီးက ဘာဂျာတစ်ခုကို ပါဆယ်ထုတ်ပြီး ယောက်ျားဖြစ်သူထံ ပေးပို့လိုက်သည်။ ထိုပါဆယ် ထုပ်နှင့် အတူ စာတစ်စောင်ပါ ထည့်ပေးလိုက်သည်။

""ဘာဂျာ မှုတ်တတ်အောင် လေ့ကျင့်နေပါလာ့းမောင့်ဒါဆို့ဒေသခံကောင်မလေးတွေဆီ စိတ်မလည်တော့ဘူးပေါ့။ ကျင့်ဖြစ်အောင် ကျင့်နော့်ချစ်ဇနီး

နောက်(၂)နှစ်ခန့် အကြာတွင် ယောက်ျားဖြစ်သူ ရေတပ်သား တာဝန်ပြီးဆုံး၍ အိမ်သို့ ပြန်ရောက်လာသည်။ ရောက်ရောက်ချင်း အတိုးချချစ်ရန် မိန်းမကို အိပ်ခန်းထဲသို့ ဆွဲခေါ်သွားသည်။

မိန်းမဖြစ်သူမှ ယောက်ျားကို လက်နှင့်တားရင်း ပြောသည်။ ""ဟင့်အင့်းဟင့်အင်းးးးးးးးးးဘာဂျာ အရင်မှုတ်ပြ.........ဒါပဲ""








>>>ဆက်ဖတ်ရန်>>> >>
ဆက်ဖတ်ရန်>>>

မူရင်းက  

Posted by KojokeR

စာလုံးအကြီးပြောင်းရန် | စာလုံးအသေးပြောင်းရန်





အလွန်သိက္ခာ သမာဓိနှင့်ပြည်စုံသော ပုပ်ရဟန်းမင်းကြီး တစ်ပါးရှိလေသည်၊ အနယ်နယ်အရပ်ရပ် လာရောက် ဖူးမျှော် ကြည်ညိုကြလေသည်။

ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သောအခါ ကောင်းကင်ဘုံသို့ ရောက်သွားသည်။ အခွင့်ထူးတစ်ရပ်နေဖြင့် သူ့အား ဘုရားသခင်နှင့်တွေ့ခွင့်ပေးသည်။ဘုရားသခင်က မေးသည်။

""ဘာကို အလိုရှိပါသလဲ"" ပုပ်ရဟန်းမင်းကြီးက ""သမ္မာကျမ်းစာ အစောဆုံးမူရင်းကို ဖတ်ချင်ပါတယ် လေ့လာစရာလေးတွေ ရှိလို့ပါ""

ဘုရားသခင်ကးးးးးးးးးဪ သူ့မှာလည်း ကောင်းကင်ဘုံရောက်တာတောင် ဘုရားတရားနဲ့ ပတ်သက်တာတွေ လေ့လာလို့ မဆုံးဘူး ထင်ပါ့းးးးးးးးး

သူ့ကို ကောင်းကင်ဘုံ စာကြည့်တိုက်သို့ခေါ်သွားသည်။ တစ်ဦးတည်း လွတ်လွတ်လပ်လပ် လေ့လာနိုင်ရန် ထားခဲ့ကာ ဘုရားသခင်လည်း အပြင်သို့ ထွက်သွားသည်။

တစ်နာရီခန့် အကြာမှာ ကောင်းကင်ဘုံ စာကြည့်တိုက်ဘက်မှ အော်သံ ငိုသံတွေ ကြားရသည်။

ဘုရားသခင်ပြေးလာပြီး အလန့်တကြားမေးသည်၊ ""ဘာဖြစ်တာလဲဘာဖြစ်တာလဲ၊ ဘာဖြစ်သွားလို့လဲ ကိုယ်တော် ဖြေပါဦး ကိုယ်တော်ရဲ့""

အငိုမတိတ်၍ ဘုရားသခင်အတော်ကြာကြာလေး စောင့်လိုက်ရသည်။ ခဏကြာမှ ပုပ်ရဟန်းမင်းကြီး ငိုသံတစ်ဝက်နှင့် ပြန်ဖြေသည်။
""မူရင်းထဲမှာ မိန်းမမယူရဘူးဆိုတာ့တစ်လုံးမှမပါဘူးးးးးးဟီးးးးအီးးးးးးအီးးးးးးးးး""


>>>ဆက်ဖတ်ရန်>>> >>
ဆက်ဖတ်ရန်>>>