လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် မော့်စကို မှ နယူးယောက်သို့ ရောက်လာသည်။ အရက်ဘား စားသောက်ဆိုင် တစ်ခုသို့ ဝင်ပြီး ဆိုင်မေနေဂျာကို တီးတိုးမေးသည်။
""ဒီဆိုင်မှာ မေရီစမစ် ဆိုတဲ့ အမျိုးသမီးတစ်ဦး အလုပ်လုပ်နေတယ်လို့ ကြားသိရပါတယ် ခင်ဗျာ ၊ သူမ ဘယ်မှာလဲ ဆိုတာ ...........တဆိတ်လောက် ညွှန်းပေးနိုင်မလား ခင်ဗျာ ။""
မန်နေဂျာက ဘားအတွင်းမှ ကောင်တာဘေးတွင် ရပ်နေသော ခပ်ချောချော အမျိုးသမီးတစ်ဦးကို ညွှန်ပြလိုက်လေသည် ။ ထိုသူလည်း မိန်းကလေး အနားကို လျှောက်သွားပြီး ပြောသည်။
"" ခင်ဗျားဟာဖြင့် အင်မတန်ချော အင်မတန်လှတဲ့ မိန်းကလေးပါပဲလား ၊ ကျွန်တော်နဲ့ အတူ လိုက်ခဲ့ပါလား ၊ ဒေါ်လာငါးရာ ပေးမယ်လေ့ ဘယ်လို သဘောရသလဲ ။
မကြာသောအချိန်ခဏအတွင်းမှာပင် ကောင်မလေးဆီမှ သဘောတူညီမှု ရရှိပြီးနောက် သူတည်းခိုရာ ဟိုတယ်သို့ ခေါ်သွားသည် ၊ ထို့နောက် ချစ်တင်းနှောကြသည်ပေါ့
နောက်တစ်နေ့ ထိုလူ မနေ့က ဘားကိုပင် သွားကာ ကောင်မလေးကို ဒေါ်လာ ငါးရာဖြင့် ကမ်းလှမ်းသည်။ ကောင်မလေးကလည်း မငြင်း ၊မနေ့က အတိုင်းပင်
သုံးရက်မြောက်နေ့ ရောက်ပြန်တော့လည်း ထိုလူ ယခင်နေ့များ အတိုင်း ကမ်းလှမ်းသည် ၊ ကောင်မလေး သဘောတူကာ လက်ခံမြဲ ဖြစ်သည် ။ ထိုနေ့မှာ့
ဟော်တယ်အခန်းထဲတွင် ကောင်မလေးက ထိုယောက်ျားကို မေးသည်။"" အကိုကြီးက ပိုက်ဆံ သိပ်ပေါတာပဲနော့် ။ ဘယ်က လာတာလဲ ဟင် ""
""မော်စကိုက လာတာလေ""
""ဟယ် ဟုတ်လား ၊ ကျွန်မ ရဲ့ အဒေါ်တစ်ယောက်လည်း မော်စကိုမှာ နေတာရှင့် ၊ အကိုကြီး သိမယ်ထင်တယ်""
""အေ့း့  "မင်းကို ဒေါ်လာ ၁၅၀၀ ပေး,ပေးပါ"လို့သူပဲ လူကြုံ ပါးခိုင်းလိုက်တာလေ""

This entry was posted
on 22:14
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
0 comments