မူရင်းက  

Posted by KojokeR

စာလုံးအကြီးပြောင်းရန် | စာလုံးအသေးပြောင်းရန်





အလွန်သိက္ခာ သမာဓိနှင့်ပြည်စုံသော ပုပ်ရဟန်းမင်းကြီး တစ်ပါးရှိလေသည်၊ အနယ်နယ်အရပ်ရပ် လာရောက် ဖူးမျှော် ကြည်ညိုကြလေသည်။

ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သောအခါ ကောင်းကင်ဘုံသို့ ရောက်သွားသည်။ အခွင့်ထူးတစ်ရပ်နေဖြင့် သူ့အား ဘုရားသခင်နှင့်တွေ့ခွင့်ပေးသည်။ဘုရားသခင်က မေးသည်။

""ဘာကို အလိုရှိပါသလဲ"" ပုပ်ရဟန်းမင်းကြီးက ""သမ္မာကျမ်းစာ အစောဆုံးမူရင်းကို ဖတ်ချင်ပါတယ် လေ့လာစရာလေးတွေ ရှိလို့ပါ""

ဘုရားသခင်ကးးးးးးးးးဪ သူ့မှာလည်း ကောင်းကင်ဘုံရောက်တာတောင် ဘုရားတရားနဲ့ ပတ်သက်တာတွေ လေ့လာလို့ မဆုံးဘူး ထင်ပါ့းးးးးးးးး

သူ့ကို ကောင်းကင်ဘုံ စာကြည့်တိုက်သို့ခေါ်သွားသည်။ တစ်ဦးတည်း လွတ်လွတ်လပ်လပ် လေ့လာနိုင်ရန် ထားခဲ့ကာ ဘုရားသခင်လည်း အပြင်သို့ ထွက်သွားသည်။

တစ်နာရီခန့် အကြာမှာ ကောင်းကင်ဘုံ စာကြည့်တိုက်ဘက်မှ အော်သံ ငိုသံတွေ ကြားရသည်။

ဘုရားသခင်ပြေးလာပြီး အလန့်တကြားမေးသည်၊ ""ဘာဖြစ်တာလဲဘာဖြစ်တာလဲ၊ ဘာဖြစ်သွားလို့လဲ ကိုယ်တော် ဖြေပါဦး ကိုယ်တော်ရဲ့""

အငိုမတိတ်၍ ဘုရားသခင်အတော်ကြာကြာလေး စောင့်လိုက်ရသည်။ ခဏကြာမှ ပုပ်ရဟန်းမင်းကြီး ငိုသံတစ်ဝက်နှင့် ပြန်ဖြေသည်။
""မူရင်းထဲမှာ မိန်းမမယူရဘူးဆိုတာ့တစ်လုံးမှမပါဘူးးးးးးဟီးးးးအီးးးးးးအီးးးးးးးးး""


This entry was posted on 21:14 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments