မြို့တစ်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်လေး တစ်ခုမှာ အောင်ထူးလို့ခေါ်တဲ့ ၁၂နှစ်အရွယ် ကောင်လေးတစ်ယောက်ရှိတယ် ၊ ဒီကောင်က ကျောင်းစာတွေသာ လိုက်မမှီတာ
မဟုတ်တဲ့ နေရာမှာတော့ ဉာဏ်အတော်ပြေးတဲ့ ကောင်ပဲ ၊ ဖြတ်ထိုးဉာဏ်ကလည်းကောင်းပ ။ သူ့အဖေနဲ့ အမေဆို လက်လန်ရတဲ့ အကောင်ပေါ့ဗျာ ဒီလိုနဲ့ တစ်နေ့လည်းကြရောပေါ့ ၊။၊။၊။၊။၊။၊။၊။
အောင်ထူးတို့ အဖေနဲ့ အမေ အိပ်ရာထဲမှာ စကားပြောနေကြတယ် ။ ""မိန်းမ ကိုယ်တို့ မနက်တစ်ကြောင်းလောက် သွားလိုက်ရအောင်ကွာ အလုပ်လည်း မတက်ရဘူးလေ""
""ရှင်ကလည်း ခု ဘယ်နှစ်နာရီ ရှိနေပြီလဲ ပြီးတော့ အောင်ထူးလည်း နိုးနေပြီ ရှင့်သားအကြောင်း ရှင် အသိဆုံးပဲလေ"" ""ဒီကောင်လေးကို တစ်ဖက်လှည့်နဲ့ အပြင်လွှတ်လိုက်လို့ ရပါတယ်ကွာ""
""အောင်ထူးရေ သား ၊ ဒီနေ့အဖေ့ သူငယ်ချင်းတစ်ယောက် အိမ်လာမယ် "" ""ဟုတ်"" ""အဲ့ဒါ သူလာရင် ထမင်းကျွေးမလို့ ဈေးမှာ ငါးကြင်းလေး တစ်ကောင်လောက် ပြေးဝယ်လိုက်ပါ သားရယ်။""
""ဗိုက်ဆာရင် မနက်စာပါ တစ်ခါတည်းစားခဲ့လေ"" ""ဟုတ် အဖေကြီး"" အောင်ထူး စဉ်းစားပြီ ။ ဒီနေ့ ဧည့်သည်လာမှာ ညကလည်း ဘာမှ မပြောကြဘူး တစ်ခုခုတော့ တစ်ခုခုပဲ
သိတယ်မလား အောင်ထူးပဲလေ ဈေးသွားသလိုနဲ့ ပြန်လှည့်လာပြီး အိမ်အောက်က ကြက်ခြင်းထဲမှာ ဝင်ရောက်နေရာ ယူလိုက်ပါတော့တယ် ။ အိမ်ပေါ်မှာတော့ .........
"" ကဲ ရပြီး မိန်းမရေ စလိုက်ရအောင်"" "" ရပါ့မလား တော်ကြာ ပြန်လာနေရင် "" ""ဘာမှ ပူမနေနဲ့ ဒီအချိန် ဈေးလည်း မဖွင့်သေးပါဘူး၊ နောက်တစ်နာရီလောက်မှ ပြန်လာမှာပါကွာ""
""အဲဒါဆိုလည်း ........"" အဲ့လိုနဲ့ အိမ်ပေါ်မှာ လင်မယားနှစ်ယောက် အင်းးးး ဝုန်းဒိုင်းကြဲနေမယ် ထင်ပါရဲ့ အောင်ထူးကတော့ အောက်က ကြက်ခြင်းထဲမှာ အသာနားစွင့်လို့ပေါ့
မိနစ်နှစ်ဆယ်လောက်ကြာတော့ အသံတွေ ခေတ္တတိတ်သွားတယ် ၊ ခဏနေတော့ ယောက်ျားထံမှ အသံထွက်လာတယ် ""ငါတို့ အိမ်ထောင်ကြလာတာ အောင်ထူးတောင် ခု အသက် ၁၂နှစ်ပြည့်ပြီ
တစ်ခါမှ မင်းကို မမေးဖူးဘူး "" "" ဘာမေးမလို့လည်း မေး "" ""မင်းတို့မိန်းမတွေ ပြီးခါနီးကြရင် ဘယ်လို ဖြစ်လာလဲကွ"" "" ဒါများ ရှင်ကလည်း ၊ ကျွန်မတို့ မိန်းမတွေ ပြီးခါနီးကြရင်
ပါးစပ်ကြီးဟပြီး တစ်ကိုယ်လုံး လှုပ်လာတာပေါ့ရှင့် ၊ ဒါနဲ့ ရှင်တို့ယောက်ျားတွေကရော ပြီးခါနီးရင် ဘယ်လိုပုံ ဖြစ်လာလဲ ၊ ပြန်ပြောပြဦးလေ ၊ သိရတာပေါ့ရှင့်""
""အေးပါဟ ၊ ငါလည်း ပြောပြချင်နေတာ ၊ ငါတို့ ယောက်ျားတွေကြတော့ ပြီးခါနီးကြရင် နှာခေါင်းကြီးနီပြီး မျက်လုံးကြီး ပြူးလာတယ်ဟ"" ""ကဲ ရှင်ပြီးရင်လည်း ဆင်းတော့ တော်ကြာ
ရှင့်သားပြန်လာလို့ တွေ့နေမှ ဟုတ်ပေ့ ဖြစ်နေမယ် ။"" ""မင်းကလည်း ခဏလောက် စိမ်ထားပါရစေဦးကွာ"" ခဏနေတော့ နှစ်ယောက်သား အိမ်ခန်းထဲက ထွက်ပြီး ခြေလက် သန့်စင်တာပေါ့
အောင်ထူးလည်း အိမ်အောက်မှ အသာထွက် လမ်းထိပ်ဘက်ကို လျှောက် ၊ အိမ်ပေါ်ကို အမောတကောနဲ့ ပြေးလာတဲ့ ပုံ သွင်းပြီး
""အဖေ ၊ အဖေမှာတဲ့ ငါးကြင်းအနေအထား မရဘူး၊ မလတ်ဘူး အဖေရဲ့။"" "" အဲဒါဆို မင်းက ဘာလို့ ကြာနေတာလဲ။"" ""ငါးကြင်း အထီး၊အမ ခွဲနေလို့ပါ အဖေရယ်""
""ဟေ.....၊မင်းက ငါးကြင်း အထီး၊အမ ခွဲတတ်လို့လား ။"" ""ခွဲတတ်တာပေါ့ အဖေရဲ့"" "" အဲဒါဆို ပြောပြစမ်းပါဦး ငါးကြင်းအမက "" အောင်ထူး မျက်နှာထိမျက်နှာထား ဟန်ပါပါဖြင့်
""ငါးကြင်း အမက ပါးစပ်ကြီးဟပြီး တုန်နေတယ် အဖေရ "" ""ငါးကြင်းအထီးကရော ""
""ငါးကြင်း အထီးကတော့ မျက်လုံးကြီး ပြူးပြီး နှာခေါင်းကြီး ပွနေတာပေါ့ အဖေရာ ""လို့
ပြောလိုက်တော့ အောင်ထူးအဖေ သိသွားပြီ သူတို့ပြောတာတွေ အောင်ထူး အကုန် နားထောင်ထားတယ်ဆိုတာကို ဒီတော့ ဒေါပွပွနဲ့ အောင်ထူးကို ဆောင့်ကန်လိုက်ပါတော့တယ်
အောင်ထူးလည်း အိမ်ပေါ်ကနေ ဒလိမ့်ခေါက်ကွေးကြပြီး အိမ်ရှေ့က ဝက်တွေလူးထားတဲ့ ဗွက်ကန်ထဲကို ရောက်သွားပါတော့တယ် အောင်ထူးအဖေက အိမ်ပေါ်ကနေပြီး
""ဟေ့ကောင် မင်း ပြန်တက်လာခဲ့"" လို့ အော်တော့ အောင်ထူးဘာပြန်ပြောတယ် ထင်လဲ ဗျ
""ခဏလောက် စိမ်ထားပါရစေ အဖေရယ်""
This entry was posted
on 11:31
and is filed under
ဟာသ
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
Archives
-
▼
2012
(19)
-
▼
January
(18)
- လူကြုံ
- ဟင့်အင်း ဟင့်အင်း .............
- မူရင်းက
- အဲ့ဒါကြောင့် ဝပြောပါတယ်
- ဘယ်လိုမှ ရှင်းပြလို့ မရတော့ဘူး
- ဒါမျိုးတော့ ဂုဏ်ယူချင်စရာကောင်းမယ် မထင်ပါဘူး
- စိတ်ထိန်းနိုင်ရင် ဒီလို ဘယ်ဖြစ်ပါ့မလဲနော်
- ငါးကြင်း အထီး အမ ခွဲရအောင်
- ကြံကြီးစည်ရာဗျာ
- ချိန်သားကိုက်တော့ ဒီလို ဒီလို
- သားကလည်း
- ဆုံးဖြတ် မစောကြနဲ့နော်
- သေချာပြီ
- ဟာ
- သူကြီးထက်တော်တဲ့ သူကြီးကတော်
- အချစ် အချစ် ဩော်..............
- ချိုးကလေးရေ မင်းအသိုက်တော့ မီးလောင်သွားပြီ
- ပျောက်ဆုံးသွားသော ဂျိုးသိမ်း
-
▼
January
(18)
0 comments