အဲ့ဒါကြောင့် ဝပြောပါတယ်  

Posted by KojokeR

           တစ်ခါတုန်းက ရွာတစ်ရွာမှာ တရုတ် အတီးနဲ့ သူ့မိန်းမ မမြသင်းတို့ နေထိုင်ကြလေသည် ။ အတီးက လူက ပုသလောက် စိတ်က လက်တစ်ဆစ် ရယ် ၊ သူ့မိန်းမ မမြသင်းဆို ဖင်တုန်အောင် ကြောက်ရတာပေါ့ ။

တစ်နေ့လည်းကြရော တရုတ် အတီး တရှောင်ရှောင်နဲ့ နေမကောင်း ဖြစ်ပါလေရော ၊ ရွာဆိုတော့လည်း မှီရာ သိရာ ဆေးမှီတိုလေးနဲ့ ကုတာပေါ့ ။ မသက်သာပါဘူး ၊ ဒီလိုနဲ့ ရွာကလူတွေ တိုက်တွန်းလို့

မြို့တက်ပြီး ကုပါတယ် ၊ မြို့ ဆေးရုံဆိုတော့ စနစ်တကျကုသတာပေါ့ ၊ အတီးကို နောက်တစ်နေ့ ချိန်းပါတယ် ။ နောက်တစ်နေ့မှာ ညက သွားထားတဲ့ ဆီးကိုပါ ယူလာဖို့ ပုလင်းလေးပါ ပေးလိုက်တယ်။

အတီး ရွာပြန်ရောက်ပြီး ညအိပ်တော့ ဆီးသွားပြီးထည့်ထားတဲ့ ပုလင်းလေးကို အိပ်ရာခြေရင်းမှာ ထားအိပ်ပါတယ် ။ မမြသင်းလည်း အိပ်နေတာတာပေါ့လေ

ညသန်းခေါင်လည်းရောက်ရော မမြသင်းနိုးလာပါတယ် ။ မအိပ်ခင် စားထားတဲ့ အစာတွေကြောင့် ဗိုက်က မခံမရပ်နိုင်အောင် ထိုးအောင့်လာပါတယ် ၊ အတီးကတော့ ဘေးမှာ အိပ်မောကျနေတာပေါ့

လောလော လောလောနဲ့ အိမ်သာထအသွားမှာ ညက အတီးထောင်ထားခဲ့တဲ့ အိပ်ရာခြေရင်းက ဆီးပုလင်းလေး မှောက်သွားပါလေရော ၊ ယောက်ျားကို ပြောဖို့ကလည်း သေလောက်အောင်

ကြောက်ရသူမို့ မပြောရဲ ၊ နောက်ဆုံး ကြံရာမရတာနဲ့ အဲ့ပုလင်းထဲကို ဆီးသွားပြီး ဟန်မပျက် အိပ်ရာ ခြေရင်းမှာ ပြန်ထောင်ထားလိုက်ပါတယ် ။ နောက်တစ်နေ့

အတီးက စောစောနိုးနှင့်နေပြီး ပြင်ဆင်နေပါပြီ ၊ မမြသင်းလည်း အတီးမသိတာမို့ မပြောတော့ဘဲ မထူးဇာတ် ခင်းပြီး ဟန်မပျက် ဖြီးလိမ်း ပြင်ဆင်ပြီး မြို့ကို တက်ကြပါတော့တယ် ။

မြို့ဆေးရုံရောက်တော့ ဆီးပုလင်းကို စစ်ဆေးရာ ဌာနမှာ ပေးပြီး အဖြေကို ထိုင်စောင့်နေကြပါတယ် ။ အတီးရော မမြသင်းပါ ကိုယ်စီ ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်နေကြပါတယ် ။

နာရီအတော်ကြာကြာလေး စောင့်အပြီးမှာတော့ အခန်းတစ်ခုမှ ဆရာဝန်တစ်ဦး ထွက်လာပါတယ် ၊ ပြီးတော့ အတီးကိုကြည့်တဲ့ အကြည့်တွေမှာ ယူကြုံးမရ ဖြစ်ဟန်၊ ဝေခွဲမရ ဖြစ်ဟန်တွေ ပေါ်နေပါတယ် ။

အတီးခင်ဗျာ မျက်နှာငယ်လေးနဲ့ ဆရာဝန် အနားသွားပြီး ""ဆီရာ ကျီတော့် အချီအနီ ဘီလိုရှိပါသလီး ခီဗျာ"" ၊ ဆရာဝန်လည်း အတော်အားတင်း ဖြေရဟန်ဖြင့်

         "" စိတ်မကောင်းပါဘူးခင်ဗျာ ၊ ခင်ဗျားမှာ ကိုယ်ဝန် ရှိနေပါတယ် ""

အတီးခင်ဗျာ လူက ပစ်လဲတော့မလိုဖြစ်သွားသည် ၊ သူ စဉ်းစားနေတယ် ။ အတီး မျက်နှာတစ်ခုလုံး ရဲရဲတောက်မတတ် နီမြန်းလို့ လာပါတယ် ။

မမြသင်း ကြောက်နေပြီ သူ့လုပ်ထားတာများ သိသွားပြီလားပေါ့ ။ ဆရာဝန်လည်း ဘယ်လိုနှစ်သိမ့်ရမှန်းမသိ။ အတီးကတော့  ဒေါသတကြီးနဲ့ မမြသင်းကို စကားတစ်ခွန်းပြောလိုက်ပါတယ်

""အဲ့ဒါကြောင့် နိကို ဝ ပြူးပါလယ် ဝအီပေါ်ကို တက်တက် မီလုပ်ပါနဲ့ဆို ၊

     ခုတော့ ဘီလို လုပ်မီလဲ ဝမှာ ကိုယ်ဝန်ရှိနေပြီလယ့်""

This entry was posted on 21:56 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments