ဘယ်လိုမှ ရှင်းပြလို့ မရတော့ဘူး  

Posted by KojokeR

          လူတစ်ယောက် အရက်ဆိုင်ထဲတွင် ထိုင်နေသည် ။ သူ့ရှေ့မှာလည်း အရက်ပုလင်းတွေ တောင်ပုံရာပုံဖြစ်နေပြီ ။ လူကလည်း ဒေါင်ချာစိုင်းနေပြီ ။

ခဏကြာတော့ သူ့အသိဖြစ်ဟန်တူသူ လူတစ်ဦး ဝင်လာသည် ။ သူ့ကို တွေ့လိုက်တော့ အံ့အားသင့်သွားဟန်ဖြင့် အနားသို့ လျှောက်လာပြီး စားပွဲတွင် ဝင်ရောက်နေရာ ယူလိုက်သည် ။

""ဘယ်လိုဖြစ်ရတာလဲ ဗျ ၊ ခင်ဗျားက အရက်လည်းသောက်နေကြ မဟုတ်ဘူး ။ မသောက်စဖူး သောက်ပြီး အရက်တွေကလည်း များလှချည်လားဗျာ ။"" ထိုအခါ ပထမ လူက လျှာလေးသံကြီးဖြင့်

""မပြောပြချင်တော့ပါဘူး ကိုယ့်လူရယ် ၊ ကံကို ဆိုးလွန်းပါတယ်ကွာ ငါ့ အဖြစ်ကတော့"" ၊ ""အဲ့လိုလည်း မဟုတ်သေးဘူးလေကွာ ခင်ဗျား ဘာဖြစ်လဲတော့ ပြောပြဦးမှပေါ့ဗျာ"" ""ငါ့ အဖြစ်က ဒီလိုကွ""

ဟုဆိုပြီး သူ၏ဇာတ်ကြောင်းကို ပြန်ပြောင်း ပြောပြလေသည် ။ ""ဒီနေ့ ငါ့ခြံက နွားမကြီး တစ်ကောင်ကို နို့ညစ်တယ်လေ ၊ အဲ့ဒါ နွားမက ဘယ်လိုဖြစ်တယ် မသိဘူး ၊ နို့ပုံးကို ညာခြေထောက်နဲ့

ကန်လိုက်တော့ နို့ပုံးမှောက်သွားပါလေရော ၊ ငါတော်တော် စိတ်ညစ်သွားတယ် ။"" ""ခင်ဗျားကလည်း ဒီလောက်လေးနဲ့ အဲ့လောက်စိတ်ညစ်စရာ မလိုပါဘူးဗျာ "" ၊ ""ငါ ခု စိတ်ညစ်နေတာ အဲ့ဒါကြောင့်

မဟုတ်ပါဘူး ၊ အဲ့နွားမကို နောက်တစ်ခေါက် ကန်လို့ မရအောင် ညာခြေကို ကြိုးချည်လိုက်တယ် ၊ နို့ဆက်ညစ်လို့ ပုံးပြည့်ခါနီးမှာ ဘယ်ခြေနဲ့ ထပ်ကန်လိုက်လို့ နို့ပုံး ထပ်မှောက်သွားပါလေရောလား။

အဲ့ဒါနဲ့ နောက်ထပ် ကြိုးတစ်ချောင်း ထပ်ယူပြီး ဘယ်ခြေထောက်ကို ထပ်ချည်လိုက်တယ် ၊ နောက်ထပ် နို့ဆက်ညစ်လို့ မပြည့်ခင်မှာပဲ နွားမက အမြီးနဲ့ ရမ်းလိုက်လို့ နို့ပုံးထပ်မှောက်သွားတယ် ။

ငါလည်း တော်တော်ညစ်နေပြီကွာ ။ အဲ့ဒါနဲ့ အမြီးကို ချည်ဖို့ ကြိုးလိုက်ရှာတာ မတွေ့တာနဲ့ ငါ့ ဘောင်းဘီ ခါးပတ်ကြိုးကိုဖြုတ်ပြီး အမိုးမှာ ချည်လိုက်တယ်ကွာ ၊ ခါးပတ်မရှိတော့ ငါ့ဘောင်းဘီ ကျွတ်ကျသွားတယ်

အဲ့အချိန်မှာပဲ ရုတ်တရက် ငါ့မိန်းမ ရောက်လာတယ်လေ ။ငါ့ပုံကို မင်းမြင်ကြည့် ၊ ငါ ဘယ်လိုမှ ရှင်းပြလို့ မရတော့ဘူးကွာ..........။

This entry was posted on 21:02 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments