ထိုသတင်းအားကြားကြား ကိုယ့်နားပင် ကိုယ် မယုံချင် ၊ မယုံနိုင်ဟု ပြောလျှင် ပို၍ မှန်မည်ထင်သည် ။ ဘယ်လိုမှ
ထင်မှတ်မထားတာတွေ ဖြစ်လာခဲ့ခြင်းဖြစ်သည် ။ ဥပမာ- အမေရိကန် နိုင်ငံကို ရေလွှမ်းမိုးတာတွေ ရုပ်ရှင်ထဲမှာ ရိုက် အပြင်မှာ
တကယ်ဖြစ်လာ(The Day After Tomorrow) ၊ဆူနာမီလို လှိုင်းကြီးမှုတွေ ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ပေါ်လာခဲ့သည် ။ E.T , ALIENလို ရုပ်ရှင်တွေရိုက်ပြီး
ကမ္ဘာပေါ်ဂြိုလ်သားတွေ ဆင်းသက်လာတာ ရာစုနှစ် တစ်ခုမကတော့ပါဘူး ။ ခုလည်းကြည့်ပါဗျာ ဒီလူ့ကို ဥပဓိရုပ်ထွက်က ရွာက ဘုန်းတော်ကြီး နိုင်ငံရပ်ခြားကို ဒေသစာရီ
ကြွချီတယ်လို့ ဆိုကြရင် ယုံမှားမယ် မထင်ပါဘူးဗျာ ။ပြောရရင် မနေ့ကတောင် နှစ်သစ်မှာ
ကြိုးစားကြမယ်(အရက်တူတူသောက်မယ်) လို့ ပြောပြီးကာမှ ခုချိန်မှာ သူမရှိတော့ဘူးဆိုတာ
သိလိုက်ရတော့ ရင်ထဲ MOP ၄၀၀ ဖိုးလောက် စို့နင့်သွားရတယ်ဗျာ ၊ တကယ်ပါ ။ ခုနေများ သူ တစ်ခုခု
...........အို.... မတွေးရဲတော့ဘူး ၊ မဖြစ်နိုင်ပါဘူးလေ ။ မနေ့ကသာ သူနဲ့ တွေ့ဖြစ်ရင် ဒီနေ့မှာ ဒီလို
ဝမ်းနည်းရမှာ မဟုတ်ဘူး ။ ခုတော့ သူနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းတွေ အားလုံး စိတ်၏ ၊ ကိုယ်၏
ဆင်းရဲခြင်းတွေ ခံစားနေရပြီ (ဟုတ်တယ်လေ ၊ သူ အလုပ်မတက်တော့ ကျန်တဲ့လူက သူ့အစား overtime
ဆင်းရတော့ စိတ်ဆင်းရဲကိုယ်ပင်ပန်းတာပေါ့.....ဟွန့်) တကယ်ဆို အားလုံးကို နှုတ်ဆက်သွားသင့်ပါတယ် ၊ ခုတော့ ရှာရမလို စောင့်ရမလို လူကလည်း
ရောဂါကြီးနဲ့ အလိုမလိုက်ပါနဲ့ဆိုတာကို ဆိုးတာကိုး...........ပြောင်ကြီး ခု ဆံပင်တောင် မကျန်တော့ဘူးဗျာ
သနားပါတယ် သူ့ဂါတ်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကိုးဗျ ။ သူ့ဘက်က မှားတာရှိရင် တောင်းပန်ပါတယ်တဲ့ ကုမ္ပဏီက တခြား လုပ်ငန်းတူတွေကို
စာနာစွာနဲ့ ပြန်လာခဲ့ပါတဲ့ ။ ဒါပဲဗျာ( လုပ်ငန်းတူ သူငယ်ချင်းမှ ဖွင့်ဟချက်)
မှ SG-1038 သို့ SG-1007
စာကြွင်း။ ။ထိုသတင်းနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူများက ထိုလူအား နိုင်ငံတော်၏ လျှို့ဝှက်တာဝန်ကို ထမ်းဆောင်နေသူ
ဖြစ်နိုင်ကြောင်း၊ မည်သူမှ သူ့ကို စုံစမ်းမရခြင်းက ထူးဆန်းကြောင်း၊ ကမ္ဘာအနှံ့အပြားတွင် ထိုသို့သော အဖြစ်ပျက်များ တစ်နေ့ထက် တစ်နေ့ ပိုများလာပြီဖြစ်ကြောင်းနှင့် နောက်ဆုံး ထိုမြို့ကလေးတွင်
ကျွံကျနိုင်သော တွင်းများကို သတိထားသင့်ကြောင်း ခန့်မှန်းပြောဆိုသွားသည်။ (ဥပမာ-ဘာမျူဒါ တြိဂံဒေသကဲ့သို့ ပျောက်ဆုံးသွားနိုင်သော နေရာဒေသများ)
မကာအို သတင်းဌာန
Mr. ရှောင်ကာရှင်း
Sun,1.1.12 17:00
(သင့်လျော်စွာ ဘာသာပြန်သည်)
This entry was posted
on 17:49
and is filed under
သတင်း
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
Archives
-
▼
2012
(19)
-
▼
January
(18)
- လူကြုံ
- ဟင့်အင်း ဟင့်အင်း .............
- မူရင်းက
- အဲ့ဒါကြောင့် ဝပြောပါတယ်
- ဘယ်လိုမှ ရှင်းပြလို့ မရတော့ဘူး
- ဒါမျိုးတော့ ဂုဏ်ယူချင်စရာကောင်းမယ် မထင်ပါဘူး
- စိတ်ထိန်းနိုင်ရင် ဒီလို ဘယ်ဖြစ်ပါ့မလဲနော်
- ငါးကြင်း အထီး အမ ခွဲရအောင်
- ကြံကြီးစည်ရာဗျာ
- ချိန်သားကိုက်တော့ ဒီလို ဒီလို
- သားကလည်း
- ဆုံးဖြတ် မစောကြနဲ့နော်
- သေချာပြီ
- ဟာ
- သူကြီးထက်တော်တဲ့ သူကြီးကတော်
- အချစ် အချစ် ဩော်..............
- ချိုးကလေးရေ မင်းအသိုက်တော့ မီးလောင်သွားပြီ
- ပျောက်ဆုံးသွားသော ဂျိုးသိမ်း
-
▼
January
(18)
1 comments